ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Thinkhaypa Energy Service မှ ဦးကျော်ဝင်းဆွေနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Thinkhaypa Energy Service မှ ဦးကျော်ဝင်းဆွေနှင့် အဖွဲ့အား ယနေ့ နေ့လယ် (၂) နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူများ စွမ်းအင်အလုံအလောက် သုံးစွဲနိုင်ရေး၊ နိုင်ငံအတွင်းအသုံးပြု လျက်ရှိသော စွမ်းအင်ပမာဏပိုမိုရရှိရေးနှင့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ် မေလ ၂၅ ရက်

Standard (Image)