ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်း သည်ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr.Roland Kobia အား ယနေ့ ညနေ ၄ နာရီအချိန်တွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂနိုင်ငံများက မြန်မာနိုင်ငံကို အကူအညီပေးနေသောကိစ္စများ၊ အထူးသဖြင့် လွှတ်တော်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးကို ဥရောပသမဂ္ဂအနေဖြင့် ဆက်လက်ကူညီရေးကိစ္စရပ်များ၊ ဥရောပနိုင်ငံရေးနှင့်ပတ်သက်သော ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့်အတူ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
၂၀၁၆ ခုနှစ် မေလ ၂၅ ရက်
Standard (Image)
