ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ဂျာမနီနိုင်ငံ၊ အောက်လွှတ်တော်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Klaus Brahmig ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် ဂျာမနီနိုင်ငံ၊ အောက်လွှတ်တော်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Klaus Brahmig ဦးဆောင်သောအဖွဲ့အား ၂၀၁၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ နံနက် (၈း၃၀) နာရီအချိန်တွင် လွှတ်တော်ရေးရာဆောင် (အိုင်-၅) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပါလီမန်များ အချင်းချင်း ဆက်ဆံမှုတိုးတက်ရေး၊ ဂျာမနီနိုင်ငံမှ လာရောက် လည်ပတ်သော ခရီးသွားဧည့်သည်များ၏ သွားလာရေးများ လွယ်ကူစေရေး၊ ခရီးသွားလုပ်ငန်းများ တိုးတက်ရေး၊ အမျိုးသမီးများ၏ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှုနှင့် လုံခြုံရေး၊ ဂျာမနီနိုင်ငံနှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီဝင်များ အချင်းချင်း ဆက်ဆံရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကော်မတီအဖွဲ့ဝင်များ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မေလ ၂၄ ရက်

Standard (Image)