ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် အီတလီ အမျိုးသား စီမံခန့်ခွဲမှု ကျောင်း၊ MENA-OECD Governance Programme Centre ၏ အမှုဆောင်ဒါရိုက်တာ Ms.Renata Pavlov အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် လွှတ်တော် အရည်အသွေးမြှင့်တင်ရေး အတွက် ကူညီ ဆောင်ရွက်ပေးနေသော Capacity Building Project ခေါင်းဆောင်ဖြစ်သည့် အီတလီ အမျိုးသားစီမံခန့်ခွဲမှု ကျောင်းမှ MENA-OECD Governance Programme Centre ၏ အမှုဆောင် ဒါရိုက်တာ Ms. Renata Pavlov အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မေလ ၂၀ ရက်

Standard (Image)