ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌသူရဦးရွှေမန်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး H.E Dr Vivian Balakrishnan အား ယနေ့ညနေ ၄ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ  လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ရေးရာဆောင်အမှတ် (I-1) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ် မေလ ၁၈ ရက်

 

Standard (Image)