ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းသည် 2016 IMF Staff Visit Mission မှ Mr.Yongzheng Yang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင် အမှတ် (I-3) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏လက်ရှိစီးပွားရေးအခြေအနေတိုးတက်လာမှုအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ငွေကြေးဖောင်းပွမှုဆိုင်ရာ ကိစ္စရပ်များ လျော့နည်း ပပျောက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဘတ်ဂျက် သုံးစွဲမှုဆိုင်ရာများနှင့် စပ်လျဉ်းပြီး ရင်းနှီးခင်မင်စွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးခင်မောင်သန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် မေလ ၁၈ ရက်
