ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံ American Chamber of Commerce အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ရေးရာဆောင်အမှတ် (I-1) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - အမေရိကန် နှစ်နိုင်ငံကြား အကျိုးစီးပွားဖြစ်ထွန်းစေမည့် ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်မှုဆိုင်ရာများနှင့် စပ်လျဉ်း၍ အကြံပြုသုံးသပ်ချက်များအပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၆ ခုနှစ် မေလ ၁၈ ရက်
