ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဥရောပပါလီမန်(MEP) မှ အဖွဲ့ဝင် Mr. Judith Sargentini နှင့်အဖွဲ့အား ယနေ့ ညနေ (၁၆း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂပါလီမန်နှင့် ပြည်ထောင်စုလွှတ်တော်တို့ အတွေ့အကြုံဖလှယ်ရေး၊ လွှတ်တော်ပြက္ခဒိန်ထားရှိရေး၊လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကြီး၏ စွမ်းအင်မြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၆ ခုနှစ် မေလ ၁၇ ရက်
Standard (Image)
