ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် The World Bank မှ Mr.Dejan R.Ostojic နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် The World Bank မှ Mr.Dejan R.Ostojic နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ  လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း(၄၀၀) အတိုးမဲ့ချေးငွေဖြင့် နိုင်ငံအတွင်း လျှပ်စစ်ဓါတ်အား တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် လျှပ်စစ်မီးသွယ်တန်းရေးတို့အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးစီမံချက်နှင့် စပ်လျဉ်၍ ရှင်းလင်းတင်ပြပြီး ရင်းနှီးခင်မင်စွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် နှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့်(ခ)အောင်ဇော်မြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မေလ ၁၆ ရက်

 

Standard (Image)