ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်းမီဒီယာများနှင့်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းဌာနများနှင့် သတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာ နှင့် သတင်းထောက်များအား ၂၀၁၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ရေးရာဆောင် အမှတ် (၁) အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း က သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် သတင်းဌာန အသီးသီးမှ အယ်ဒီတာနှင့် သတင်းထောက်စုစုပေါင်း (၇၁) ဦး တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၇ ရက်

Standard (Image)