ြပည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် UNICEF မှ ပညာရေးကဏ္ဍ ဖွံ့ဖြိုးမှုမဟာမိတ်အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel ဦးဆောင်သော အဖွဲ့အား ယနေ့ ညနေ (၁၅း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံစဉ် UNICEF အနေဖြင့် မြန်မာနိုင်ငံ ပညာရေးတိုးတက်စေရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် ၊ ဧပြီလ ၄ ရက်
Standard (Image)
