ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်သည် အမေရိကန်သံရုံး USAID မှ ပထမအတွင်းဝန် Mr. Michael Ronning ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် I-1 ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်သိန်း၊ ဦးစိုင်းဆိုင်မိုင်း၊ ဒေါ်နန်းမိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် USAID အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည့် စီမံကိန်းများအား ရှင်းလင်းဆွေးနွေး ပြောကြားပြီး နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်မှလည်း မြန်မာနိုင်ငံ လွှတ်တော်များ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် လွှတ်တော်များ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်
