ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr. Andrew Patrick ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ၏ ကြာမြင့်ပြီဖြစ်သော ကောင်းမွန်သောဆက်ဆံရေး၊ ဗြိတိန်နိုင်ငံက ကူညီလျှက်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးအသွင်ပြောင်းရေးဖြစ်စဉ်နှင့် ပညာရေးကိစ္စရပ်များ၊ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်း မြှင့်တင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဒေါ်ရွှေပုံ၊ ဦးဦးထွန်းဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် မေလ ၁၁ ရက်
