မြန်မာ့စီးပွားရေးဖိုရမ် (MBF) တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ဦးဆောင်၍ တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မေလ ၆ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင် (I-1) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးကိုကိုနိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI), Uniliver, British American Tobacco, IBIC Group of Company Limited, CEC မြေသြဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း၊ လက်လီတင်သွင်း ရောင်းချသူများအသင်း၊ APB Alliance Brewery Company Limited, Nestle, Japan Tobacco International, LPB Law Firm, Consultant to MBF, IFC နှင့် မြန်မာ့စီးပွားရေးဖိုရမ် (MBF) တို့မှ ဖိတ်ကြားထားသူများ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၆ ခုနှစ် မေလ ၆ ရက်

Standard (Image)