ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ အဖွဲ့ဝင်များနှင့် ဘရပ်ဆဲလ်အခြေစိုက် သံတမန်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် ရန်ကုန်မြို့အခြေစိုက် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ အဖွဲ့ဝင်များနှင့် ဘရပ်ဆဲလ်မြို့ အခြေစိုက် သံတမန်များပါဝင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ  လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် EU နိုင်ငံများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေး၊ လွှတ်တော်များအချင်းချင်း အပြန်အလှန် လေ့လာနိုင်ရေးများနှင့် ပတ်သက်ပြီး ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ် မေလ ၆ ရက်

Standard (Image)