နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် OHCHR အဖွဲ့မှ Senior Human Right Officer, Mr. Andrew MacGregor နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်းသည် ကမ္ဘာ့ကုလသမဂ္ဂ လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR အဖွဲ့မှ Senior Human Right Officer, Mr. Andrew MacGregor နှင့် အဖွဲ့အား ၂၀၁၆ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-1) ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့်အတူ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို လွှတ်တော်ကိုယ်စား လှယ်များမှတဆင့် ပြည်သူလူထုသို့ ပျံ့နှံ့ရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်သော စာအုပ်စာတမ်းများကို လိုအပ်ပါက ကူညီပံ့ပိုးရေးကိစ္စများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

၂၀၁၆ ခုနှစ် ဧပြီ လ ၁ ရက်

 

Standard (Image)