ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် Friedrich Ebert Stiftung (FES) မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Konstantin Barwaldt အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Friedrich Ebert Stiftung (FES) မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ Mr. Konstantin Barwaldt အား ယနေ့ ညနေ  ၄ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် Friedrich Ebert Stiftung (FES)၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားပြီး နိုင်ငံတကာဆက်ဆံရေး၊ အလုပ်သမား ရေးရာ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပြည်သူ့လွှတ်တော်နှင့် (FES) တို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မေလ ၅ ရက်

Standard (Image)