ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် Peace Corps Myanmar မှ Ms. Maura Fulton (Country Director) နှင့် Nang Noan Vo (Executive Assistant and Partnership Coordinator) တို့အား ယနေ့ မွန်းလွဲ ၂း၃၀ နာရီ အချိန် တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင် အမှတ် (I-13) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပညာရေးကဏ္ဍ ပိုမိုကောင်းမွန်စေရန် ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်နှင့်ပတ်သက်ပြီး ပိုမိုတိုးတက်စေရန် မိမိတို့စေတနာ့ ဝန်ထမ်းများအနေဖြင့် လိုအပ်သောအကူအညီများ ပေးအပ်လိုကြောင်းနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးခမ်ခန့်ထန်းနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် မေလ ၅ ရက်
