ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ ဒုတိယသံရုံးအကြီးအကဲ/သံမှူးကြီးဖြစ်သူ Mr. KOH CHEE CHIAN အား ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာဆောင်အမှတ်(I-2) ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ လွှတ်တော်များရှိ လွှတ်တော်ကိုယ်စား လှယ်များအချင်းချင်း လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးစတီဖန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိပုဂ္ဂိုများလည်း တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်
