ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ဂျပန်-မြန်မာချစ်ကြည်ရေး အသင်း ကိုယ်စားလှယ် Mr. Akio Kawakami ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့တွေ့ဆုံ

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီသို့ ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေး အသင်းညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ အကူအညီပေးရေး ကိစ္စရပ်များနှင့် စပ် လျဉ်း၍လာရောက်ခဲ့သော ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာ ပြန့်ပွားမှုအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ  Mr. Akio Kawakami ဦးဆောင်သောအဖွဲ့အား ယနေ့ညနေ ၄ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်(ကိုယ်စား) အတွင်းရေးမှူး ဦးဘိုဘိုဦးမှ လက်ခံတွေ့ဆုံခဲ့သည်။    

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး နှင့် အတူ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဦးဇော်သိန်း၊ ဦးနိုင်ထူးအောင်၊ ဦးဇာနည်မင်း၊ ဒေါ်နန်းမိုးတို့ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ်၊ မတ်လ -၂၂ ရက် 

Standard (Image)