ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် ဂျပန်နိုင်ငံ Kawahara Gakuen Educational Coporation မှ ဒါရိုက်တာချုပ် Mr. Seiki Kawahara အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအသင်း ညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးရန် လာရောက် လျက်ရှိသော အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့နှင့် ဂျပန်နိုင်ငံ Kawahara Gakuen Educational Coporation ၏ ဒါရိုက်တာချုပ် ဖြစ်သူ Mr.Seiki Kawahara  ဦးဆောင်သောအဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ်  (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတည်ဆောက် နိုင်ရေးနှင့် နှစ်နိုင်ငံလွှတ်တော်များသို့ ကိုယ်စားလှယ်များ အပြန်အလှန် သွားရောက် လေ့လာနိုင်ရေးများအပြင် မြန်မာနိုင်ငံ၏  ပညာရေး ကဏ္ဍ မြှင့်တင်ရာတွင် မြန်မာ လူငယ်များအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ သင်ကြားပို့ချနိုင်ရေး၊ စက်မှုလက်မှု ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသော အောင်ဆန်း စီမံကိန်း (Japan-Myanmar Vocational Training Institute Aung San Project) အား အကောင်အထည် ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍  ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ နှင့် အတူကော်မတီ အတွင်းရေးမှူး ၊ အဖွဲ့ဝင်များ နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ မတ်လ ၂၂ ရက

Standard (Image)