ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ဗြိတိန်နိုင်ငံအခြေစိုက် Westminister Foundation For Democracy (WFD) မှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူMr. Devin O’ Shaun ghneesy ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ရေးရာဆောင် အမှတ် (၁) အစည်းအဝေး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Westminister Foundation For Democracy (WFD) ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှေးဦၤးစွာရှင်းလင်းပြောကြားပြီး WFD မှ မြန်မာလွှတ်တော်များ၏ အရည်အသွေးမြှင့်တင်မှုဆိုင်ရာ သင်တန်းများနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော် ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်
