ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ အတွင်းရေးမှူး ဦးဘိုဘိုဦး သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ အပြည်ပြည်ဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စရောင်ဟွေဟွာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ၊ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်သိန်း၊ ဦးဇာနည်မင်း၊ ဦးဦးထွန်းဝင်း၊ ဦးစိုင်းဆိုင်မိုင်း၊ ဒေါ်နန်းမိုးတို့ တက်ရောက်ကြသည်။
၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်
Standard (Image)
