ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် The World Bank မှ Dr. Dejan OstoJic ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၁း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်း အဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်၊ အဖွဲ့ဝင် ဦးသာအောင်၊ ဦးဌေးဝင်း၊ ဦးအေးဝင်း၊ ဒေါက်တာဇော်ဝင်းမြင့်၊ ဦးမြင့်ဟန်ထွန်း၊ ဦးမြင့်ဦး၊ ဦးနေမျိုးထက်နှင့် ဦးဇော်မင်းတ့ို တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၌ လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့် ကျေးလက်ဒေသများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးအပ်မည့်လုပ်ငန်းများအပေါ် လွှတ်တော်အပိုင်းလည်း ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာဆွေးနွေးကြသည်။
၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်
