ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအသင်း အမှုဆောင် ဒါရိုက်တာ ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်းဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ရေး၊ ရှိရင်းစွဲ နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုဖော်ဆောင် နိုင်ရေးအတွက် ဂျပန်နိုင်ငံ အနေဖြင့် နည်းပညာအကူအညီပေးရေး၊ ပညာရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ထောက်ပံ့ကူညီမည့်စီမံကိန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ နှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးခမ်ခန့်ထန်နှင့် ကော်မတီအဖွဲ့ဝင် ဒေါက်တာဆလိုင်း ရီယန်းဗဲလ်(ခ) ဆလိုင်းရန်းဗယ် တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်
