ပြည်သူ့လွှတ်တော်၊တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှု ကော်မတီဥက္ကဋ္ဌဦးခွန်မောင်သောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ် ကြီးအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌဦးခွန်မောင်သောင်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး   H.E.Ms. Ann Ollestad အား ယနေ့ညနေ (၃း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက် အအုံ ရေးရာဆောင်အမှတ် (I-6) တွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင်လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်   နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်၊  တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာစိုင်းလှသိန်း၊ ဦးကျင်ဝမ်း၊ ဦးထွန်းကျော်၊ ဦးစောထွန်းမြအောင်၊ ဦးလှထွန်းအောင်၊ ဦးကျော်မင်းနှင့် ပြည်သူ့လွှတ်တော် ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၉ ရက်

Standard (Image)