ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဒေါ်စုစုလွင်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms. Ann Ollestad အား ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် ကော်မတီရေးရာဆောင် အဆောင်အမှတ် (I-5)တွင် လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌနှင့် အတူ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်နန်းမိုးနှင့် ဦးဦးထွန်းဝင်းတို့ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံလွှတ်တော်များ အချင်းချင်းပူးပေါင်း ဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အကူအညီပေးဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် မတ်လ ၉ ရက်
Standard (Image)
