ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဒေါ်စုစုလွင်သည် အမေရိကန် ပြည်ထောင်စု National Democratic Institute (NDI) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Richard A.Nuccio နှင့် ကနေဒါနိုင်ငံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း Ms. Elizabeth Weir တို့အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ကော်မတီရေးရာဆောင် အဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင်နှင်းသစ်နှင့် ဦးဦးထွန်းဝင်းတို့ တက်ရောက်သည်။
တွေ့ဆုံဆွေးနွေးရာတွင် လွှတ်တော်များသို့ အကူအညီပေးရေဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် မတ်လ ၉ ရက်
Standard (Image)
