ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ သံအမတ်ကြီး အသီးသီး အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်သည် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Oliver RICHARD အားလည်းကောင်း၊ မွန်းလွဲ ၂ နာရီအချိန်တွင် တူရကီနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Murat Yavuz Ates အားလည်းကောင်း ပြည်သူ့လွှတ်တော်ရှိ ကော်မတီရေးရာဆောင် အဆောင်အမှတ်(I-5) ဧည့်ခန်းမ၌ အသီးသီးလက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ  ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်သိန်းနှင့် ဦးမျိုးဇော်အောင်တို့ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် လွှတ်တော်များ အချင်းချင်းအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၈ ရက်

Standard (Image)