ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင် သည် ကနေဒါနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E.Mr. Mark McDowell အား ၂၀၁၆ခုနှစ် မတ်လ ၄ ရက်နေ့ နေ့လည် (၁၄း၀၀) နာရီအချိန်တွင် ကော်မတီ ရေးရာဆောင် (I-5) ၌  လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် ဦးဇော်သိန်းတို့ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်အချင်ချင်း အတွေ့အကြုံဖလှယ်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၄ ရက်

Standard (Image)