ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်းမီဒီယာများအား တွေ့ဆုံ (ရုပ်/သံ)

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်တွင်း သတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာနှင့် သတင်းထောက်များအား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ (၃း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမ၌ တွေ့ဆုံခဲ့ပြီး သတင်း မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများနှင့် ပြည်တွင်း သတင်းစာ၊ ဂျာနယ် (၄၄) ခုတို့မှ အယ်ဒီတာနှင့် သတင်းထောက်စုစုပေါင်း (၁၁၉) ဦး တက်ရောက်ခဲ့ကြ သည်။

၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်

Standard (Image)