ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အလှူငွေပေးအပ်လှုဒါန်းပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုလွှတ်တော်နာယကပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ၂၈ ရက် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင်နေပြည်တော်ရှိပြည်သူ့လွှတ်တော်ဧည့်ခန်းမ ၌ ပြုလုပ်သည့် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနား တက်ရောက်သည်။

အခမ်းအနားတွင် အလှူရှင်များဖြစ်ကြသော ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမြင်‌့၊ အမျိုးသားလွှတ်တော်၊ ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက် ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ နှင့် ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ မိသားစုတို့က အလှူငွေများပေး အပ်လှူဒါန်းကြရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ စောင်‌့ ရှောက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် (ငြိမ်း) က လက်ခံရယူသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်

Standard (Image)