ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ချီလီနိုင်ငံသမ္မတဟောင်း ခေါင်းဆောင်သော ကမ္ဘာ့ခေါင်းဆောင်များ မဟာမိတ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ချီလီနိုင်ငံသမ္မတဟောင်း မစ္စတာ ရီကာဒိုလားဂိုစ့် ခေါင်းဆောင်သော ကမ္ဘာ့ခေါင်းဆောင်များ မဟာမိတ်အဖွဲ့ (Madrid) အား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် (၉) နာရီ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်၊ ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်

Standard (Image)