ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးလှမြင့်ဦးသည်သြစတြီး ယားနိုင်ငံ မှFour Paws International ၏ ဥက္ကဋ္ဌနှင့်အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Helmut Dungler နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကိုယ်စား ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည်သြစတြီးယားနိုင်ငံမှ Four Paws International ၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ် သူMr. Helmut Dunglerနှင့်အဖွဲ့အား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ  (၁၆း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် Mr. Helmut Dungler နှင့်အဖွဲ့က သဘာဝဘေးအန္တရာယ် ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများ၊ ဆင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရှင်သန်နိုင်မှု အစီအစဉ်များ၊ ခွေးရူးပြန် ရောဂါကာကွယ်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်များအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကို ၂၀၁၂ ခုနှစ်ကပင် ပြဋ္ဌာန်းခဲ့ပြီး သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း ရှေ့တွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း နှင့် ကူညီဆောင်ရွက်မှုများ အတွက်ကျေးဇူး တင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့် ပြည်သူ့လွှတ်တော်ကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာစိုးရင်၊ ဦးကိုကိုထွန်း၊ ဦးသိန်းလွင်၊ ကော်မတီအဖွဲ့ဝင် ဦးညွန့်လှိုင်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်အေးအေးမူ၊ ဦးစန်းလွင်၊ ဦးညွန့်ဝင်း၊ ဦးတင့်လွင်ရွှေနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်

Standard (Image)