ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာတိုနီဘလဲအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ အား၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၇ ရက် နေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထို့သို့တွေ့ဆုံခဲ့ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးကိုကိုနိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်

Standard (Image)