ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အီတလီ-မြန်မာအသင်းအဖွဲ့ဝင်၊ အီတလီလွှတ်တော် အမတ်ဟောင်း Ms. Albertina Soliani အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အီတလီ-မြန်မာအသင်းအနေဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများ၊နှစ်နိုင်ငံအစိုးရ၊လွှတ်တော်နှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားနိုင်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်
