ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း သည် ကချင်ပြည်နယ် ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံမှ ဘုန်းတော်ကြီး ဒေါက်တာဂျိုဇက် ဂေါ့လူယုံဝါဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ၊ လူငယ်များအား မူးယစ်ဆေးဝါး အန္တရာယ်မှ ကာကွယ်ပေးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေနွေးပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့်အတူကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
Standard (Image)
