ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းသည် Phoenix Association အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် HIV ရောဂါကူးစက်ခံရမှုဆိုင်ရာကိစ္စရပ်များ၊ ခုခံအားကျဆင်းမှု ကူးစက် ရောဂါ ခံစားရသူများအား အကာအကွယ်ပေးသည့် ဥပဒေတစ်ရပ် ပေါ်ထွက်လာရေး၊ ရောဂါခံစား နေသူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးရေးနှင့် ကူးစက်မှုလျော့ကျစေရေးတို့အတွက် နှစ်သိမ့်ဆွေးနွေး အကြံဉာဏ်ပေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်
Standard (Image)
