ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း ထွယ် (ဝင်းလက်)ဂျဲန်ဒါနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးဆောင်သော ကချင်ပြည်နယ်မှ အမျိုးသမီးအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းသည် ထွယ် (ဝင်းလက်)ဂျဲန်ဒါနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးဆောင်သော ကချင်ပြည်နယ်မှ အမျိုးသမီးအဖွဲ့ဝင်များအား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ် ဒေသအသီးသီးရှိ အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ  ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါ သည်။ 

အဆိုပါဆွေးနွေးပွဲသို့   ကော်မတီအတွင်းရေးမှူး ၊ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၃)ဦး တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

Standard (Image)