ပြည်ထောင်စုလွှတ်တော်၊ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်း ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည် ဖြစ်သည့်  ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien အား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ဌာနေညှိနှိုင်းရေးမှူးအနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း မြန်မာနိုင်ငံအပေါ် မှန်ကန်စွာ နားလည်ဆောင်ရွက် ပေးမှုများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် များစွာဝမ်းမြောက်ကျေးဇူးတင်ရှိ ပါကြောင်း ဖြင့် ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့  ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms Renata Dessallien နှင့်အတူ မြန်မာနိုင်ငံ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးမှ အရာရှိများ တက်ရောက်ကြပြီး ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးစံရွှေအောင်နှင့် ကော်မရှင်ရုံးမှ တာဝန်‌ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်

 

 

 

Standard (Image)