ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်သည် GE International Inc အဖွဲ့အား ယနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လျှပ်စစ်စွမ်းအင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆိုင်ရာကိစ္စရပ်များနှင့် လျှပ်စစ်စွမ်းအင် လုံလောက်စွာ ရရှိနိုင်စေရန်အတွက် ကျောက်မီးသွေးမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်၍ အသုံးပြုနိုင်ပုံ အဆင့်ဆင့်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်
Standard (Image)
