ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ Mr. Irving Aw, ပါမောက္ခ Kimberley Brooks, Mr Michael Oomn နှင့် Mr Andrew Minto တို့ လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀း၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသု့ိတွေ့ဆုံစဉ် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဝင်ငွေခွန်ဥပဒေ ရေးဆွဲဆောင်ရွက်နေသည့် အခြေအနေများနှင့် ကော်မရှင်မှ ပူးပေါင်းကူညီနိုင်သည့် အခြေအနေများအပေါ် အပြန်အလှန် ဆွေးနွေးကြပြီး အခွန်ဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးမောင်တိုး၊ ဦးစောလှထွန်း၊ ဦးဝင်းသန်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်
