ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အေး GE International Inc အဖွဲ့မှ အာရှပစိဖိတ် ဒေသဆိုင်ရာ အထွေထွေ မန်နေဂျာ Mr. Massimo Gallizioli ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အေးသည် GE International Inc အဖွဲ့မှ အာရှပစိဖိတ်ဒေသဆိုင်ရာ အထွေထွေမန်နေဂျာ Mr. Massimo Gallizioli ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လျှပ်စစ်ကဏ္ဍ၏ အရေးပါပုံ၊ ကျောက်မီးသွေးအသုံးပြု၍ လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်လျှင် လျှပ်စစ် စွမ်းအင်ကို အသက်သာဆုံး အသုံးပြုနိုင်မည် ဖြစ်ကြောင်းနှင့် ခေတ်မီ Technology ဖြင့် ထုတ်လုပ် နိုင်ပါက ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြင့် ထုတ်လုပ်နိုင်မည်ဖြစ်သောကြောင့် လူ့အဖွဲ့အစည်း၏ ကျန်းမာရေးကို ထိခိုက်မှုမရှိနိုင်ကြောင်း ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးခင်အေးနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်


 

Standard (Image)