ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း မြန်မာနိုင်ငံအခြေစိုက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) အဖွဲ့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် မြန်မာနိုင်ငံအခြေစိုက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစြင်္က ံ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့် မဟာမဲခေါင်ဒေသ လမ်းမကြီးများ ခေတ်မီဖွံ့ဖြိုးရေး စီမံချက်အရ ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီး တိုးချဲ့ပြုပြင်ရေး၊ သန်လျင်-ပဲခူးလမ်း၊ ပဲခူး-ကျိုက်ထိုလမ်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး 0 Km မှ 64 Km (ဘောနတ်ကြီးလမ်းဆုံ) ထိ အဆင့်မြှင့်တင်ရေး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေပေးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေ နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

Standard (Image)