ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ် Democratic Control of Armed Forces (DCAF) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Democratic Control of Armed Forces (DCAF) မှ Dr.Cornelius Friesendorf နှင်‌့အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် DCAF အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် အရေးကြီးသော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာနိုင်ငံအား ကူညီပံ့ပိုးပေးနေမှု အခြေအနေများ၊ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင်‌့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင်‌့ လွှတ်တော်ရုံး ဝန်ထမ်းများအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၏ စွမ်းရည် မြှင်‌့တင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဖြိုးဇေယျာသော်၊ ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချို၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်

Standard (Image)