ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Kristian Schmidt အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသော ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်
