ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး မြန်မာနိုင်ငံ အခြေစိုက် အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ် (ADB) အဖွဲ့အား လက်ခံတွေ့ဆုံ

    ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦးသည် မြန်မာနိုင်ငံ အခြေစိုက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံ တွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင်  မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစြင်္က ံ မြို့ပြဖွံ့ဖြိုးမှု စီမံချက်အရ ရန်ကုန် - ပုသိမ် လမ်းမကြီး တိုးချဲ့ရေး၊ သန်လျင် - ပဲခူးလမ်း၊ သန်လျင် - ပဲခူး - ကျိုက်ထိုလမ်း၊ ရန်ကုန် - မန္တလေးလမ်း 0 Km မှ 64 Km (ဘောနက်ကြီး) အထိ အဆင့်မြှင့်တင်ရေး၊ ရန်ကုန် - မန္တလေး အမြန်လမ်းမ အန္တရာယ်ကင်းရှင်းရေး၊ အချက်ပြ ပြင်ဆင်မှု ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေး ခဲ့ကြသည်။
    ထိုတွေ့ဆုံပွဲသို့  ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ဦးဆောင်သည့် အဖွဲ့၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ   တက်ရောက်ခဲ့ကြသည်။


၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်
 

Standard (Image)