ပြည်ထောင်စုလွှတ်တော်၊ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းကမ္ဘာ့ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ် ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကမ္ဘာ့ကုလသမဂ္ဂ၏ နိုင်ငံရေးဌာနဆိုင်ရာဒုတိယအတွင်းရေးမှူးချုပ် Mr Jeffery Feltmanဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်တွင် နေပြည်တော်ရှိလွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ကမ္ဘာကမှန်ကန်စွာရှုမြင်ရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့် ရခိုင်အရေးကိစ္စများကိုအကောင်းဆုံးဖြေရှင်းဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများ၊ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထားများအပေါ် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့  ကမ္ဘာ့ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး MsRenataDessallien ၊ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးမှ အရာရှိများတက်ရောက်ကြပြီး ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူကော်မရှင်အတွင်းရေးမှူး ဦးခင်မောင်ထွန်း၊ အဖွဲ့ဝင်               ဒေါက်တာဒေါ်သီတာဦးနှင့် ကော်မရှင်ရုံးမှ တာဝန်‌ရှိသူများတက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊အောက်တိုဘာလ ၁၅ရက်

Standard (Image)