ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားယနေ့ မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာ၁၃ရက်
Standard (Image)
