(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ AIPA တက်ရောက်လာ သည့် ပါလီမန်ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ နေပြည်တော်တစ်ဝိုက် ဆက်လက်လေ့လာ

 (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံ တက်ရောက်လာသည့် အထွေထွေအတွင်းရေးမှူးချုပ် အပါအဝင် အာဆီယံပါလီမန်များမှ ဒုတိယဥက္ကဋ္ဌ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် အမျိုးသားပြ တိုက်ရှိ သမိုင်းမတင်မီခေတ်မှ စ၍ပျူခေတ်၊ ပုဂံခေတ် ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်ပြခန်းများကို ကြည့်ရှုကြပြီး ဥပ္ပါတသန္တိစေတီတော်ကို ဖူးမြော်ကြသည်။

ထို့နောက် ပါလီမန်လေ့လာရေးအဖွဲ့သည် နေပြည်တော် ဖိုးစောင်းတောင်ပေါ်ရှိ  တောင်ထိပ်မှ နေပြည်တော်ရှုခင်းများကို ကြည့်ရှုကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်

Standard (Image)